မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မြဝတီ ဒီဇင်ဘာ ၂၄

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက အားကစားတေးသီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မြို့မမူလတန်းကြိုကျောင်းတည်ထောင်သူ ဦးသန်းရွှေကသားငယ်၊ သမီးငယ်များအနေဖြင့် ပညာရည်မြင့်မားတိုးတက်သည်သာမက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဦးနှောက်ဉာဏ်ရည်မြင့်မားကာ အားကစားစိတ်ဓာတ်ဖြင့်  စုပေါင်းဆောင်ရွက်တတ်သည့်   အလေ့အကျင့်ကောင်းများရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးသည်။

ထို့နောက်   အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံးဇွန်းကိုက်၊   ဂုံနီအိတ်စွတ်ပြေး၊    ရင်ဘတ်ဖြင့် ဘောလုံးသယ်၊ ခေါင်းအုံးရွက်၊  လက်ဆင့်ကမ်း၊  ဘောလုံးကောက်၊ ခြေပူးတွဲ၊ ခုံလုထိုင်၊ အပြေးပြိုင်နှင့်လွန်ဆွဲပွဲအားကစားနည်း ဆယ်မျိုးဖြင့် အသင်းအဖွဲ့အလိုက် စုပေါင်းကစားခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ကရင်ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌဦးစောမုတ်သုန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()ဦးအောင်မင်းစိုး၊ မြို့မမူလတန်းကြိုကျောင်းတည်ထောင်သူ ဦးသန်းရွှေနှင့်ဖိတ်ကြားထားသည့် ဧည်သည့်တော်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)