မြဝတီမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။