ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

ပိုင်ကျုံ  ဇန်နဝါရီ  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအားကစားကွင်း၌  အားကစားပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများကို အ-ထ-က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများက ဦးဆောင်ပြီး မီတာ (၅၀၊ ၇၅၊ ၁၀၀ ၂၀၀၃၀၀ ) အပြေးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် စတင်ယှဉ်ပြိုင်လျက်ရှိပြီး အလျားခုန် သံလုံးပစ် သံပြားပစ် ထုပ်စီးထိုးနည်းပြိုင်ပွဲကို ညနေ ၃နာရီအချိန်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းပြိုင်ပွဲကို မူလတန်းအဆင့်အလယ်တန်း အဆင့်အထက်တန်း အဆင့်အထိ ကျောင်းသား/သူများပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းဆုရရှိသည့် ကျောင်းသား/သူများအား ကျောင်းစုံညီပွဲတော်တွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရ သည်

ပိုင်ကျုံမြို့၊  အခြေခံပညာအထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

နော်ခူးခူး(ပြန်/ဆက်)