မြဝတီ ဇန်နဝါရီ ၃
ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဦးစွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက(၇၆)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ ပညာရည်မြင့်မားတိုးတက်သည်သာမက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးကာ အားကစားစိတ်ဓာတ်ဖြင့် စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆို၊ ပန်းချီဆေးရောင်ခြယ်နှင့် မုန့်ကိုက်ပြိုင်ပွဲများကျင်းပပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူ ၃၀ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုတာဝန်ရှိသူများက ဆုများချီးမြှင့်ပေး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)