သံတောင်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများအနေဖြင့် အသိပညာပေးဗဟုသုတတိုးပွားစေရန်၊ လွတ်လွပ်ရေးနေ့အကြောင်း သိရှိစေရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က (၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဦးစီးမှူး နော်နီလာအေးက လွတ်လပ်ရေးနေ့အကြောင်းဖြစ်ပေါ်လာပုံ၊ မြန်မာ့ ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိစေရန် ဆောင်ရွက်မှုများအား ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။
ထိုနောက် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင် ဆက်လက်ပြသ ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများက လာရောက်ဖတ်ရှု လေ့လာကြကြောင်း သိရသည်။
နော်နော်မူ