ပိုင်ကျုံမြို့ မိကြောင်းကျေးရွာ မူလွန်(မိကြောင်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မိကြောင်းကျေးရွာအုပ်စု၊  မိကြောင်းကျေးရွာ၊ မူ(လွန်)မိကြောင်ကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲ‌ တော်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။  

အခမ်းအနားကို ကျောင်းသား/သူများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး    အ-ထ-က (ပိုင်ကျုံ‌)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက်  မြို့အုပ်ချုပ်‌ရေးမှူးနှင့် နယ်မြေရဲစခန်းမှူးတို့က အမှာစကားများ ပြောကြားကြသည်။

ယင်းနောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့်  ကျောင်းသား/သူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ စွမ်းရည်ထူးချွန်သည့်‌ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူလေး များက သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)