ကရင်ပြည်နယ်

မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ပေါင်မုန့်နှင့် ပဲနို့ဘူးများ ဝေငှပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်များဝေငှ၍ အားပေးစကားများ ပြောကြား

ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့  ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၉၉ ဦးအား စာမေးပွဲဖြေဆိုပြီးချိန်တွင် အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဘားအံခရိုင် (Community Centre)ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံခရိုင် (Community Centre) ခန်းမတွင် နွေရာသီသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိသည်။

လိပ်သိုမြို့တွင် တောင်ပေါ်ကွမ်းကြမ်းများအား ပုံစံပြောင်း၍ စမ်းသပ်စိုက်ပျိုးမှုအောင်မြင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့အိမ်ခြံဝင်းအတွင်း  ဥယျာဉ်ခြံအတွင်းနှင့် ချောင်းစပ်ဘေးများတွင် တောင်ပေါ်ကွမ်းကြမ်းပင်များအား စိုက်ပျိုးထားကြရာ ဒေသရိုးရာ စိုက်ပျိုးနေမှုမှ ပုံစံပြောင်းလဲ၍ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အရိပ်လည်းလည်းရ ဝင်ငွေလည်းပိုမှန်ရသောကြောင့် ငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဘားအံခရိုင် Community Centre ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်

ကျောင်းသားလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံခရိုင် Community Centre တွင် နွေရာသီသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ဘားအံ) တို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်များဝေငှ၍ အားပေးစကားများပြောကြား

ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၉၉ ဦးအား စာမေးပွဲဖြေဆိုပြီးချိန်တွင် အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။

မြဝတီခရိုင်၌  ကျား/မတန်းတူ ညီမျှမှုရှိရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Won Kayin အမျိူသမီးများအဖွဲ့ကွန်ယက်တို့ပူးပေါင်း၍ ကျား/မတန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို  မတ် ၁၂ က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး မတ် ၁၃  ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို တတိယကြိမ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ၁၃ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ပဲနို့ ဝေငှပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်