ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်များဝေငှ၍ အားပေးစကားများ ပြောကြား

ဘားအံ မတ် ၁၆

ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့  ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၉၉ ဦးအား စာမေးပွဲဖြေဆိုပြီးချိန်တွင် အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်တွင် မြို့နယ်(၇)မြို့နယ်၌ စာဖြေဌာန(၁၁)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၉၆၃ ဦး ရာခိုင်နှုန်းအားဖြင့် ၉၁ ဒဿမ ၆၀ ရာခိုင်နှုန်း အေးချမ်းစွာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူအသီးသီးက လိုအပ်သည်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)