မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ပဲနို့ ဝေငှပေး

မြဝတီ မတ် ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့်ကွပ်ကဲရေး ဗိုလ်မှူးစောစိန်သန်းမြင့်မိသားစု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိဦးကျော်ကျော်ဦးနှင့် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးတို့က အာဟာရပြည့်ပဲနို့ဘူး တစ်ဦးချင်းအလိုက် ဝေငှပေးပြီး အားပေးစကားများ ပြောကြားသည်။

မြဝတီမြို့နယ်အနေဖြင့် အ.ထ.က(၁)မြဝတီ စာစစ်ဌာနတစ်ခုသာ ဆောင်ရွက်ထားရှိပြီး သင်္ချာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၉၃ ဦးရှိပြီး ဖြေဆိုသူအားဖြင့် စာရင်းရှိ ၃၂၅ ဦး၌ ပျက်ကွက်သူ ၃၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)