မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ပေါင်မုန့်နှင့် ပဲနို့ဘူးများ ဝေငှပေး

မြဝတီ မတ်  ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း နာယက ဦးစောမုတ်သုန်က အာဟာရပြည့်ပေါင်မုန့်နှင့် ပဲနို့ဘူး တစ်ဦးချင်းအလိုက် ဝေငှပေးပြီး အားပေးစကား ပြောကြားခဲ့သည်။

မြဝတီမြို့နယ်အနေဖြင့် အ.ထ.က-၁(မြဝတီ) စာစစ်ဌာနတစ်ခုသာ ဆောင်ရွက်ထားရှိပြီး ရူပဗေဒ ဘာသာရပ် ၂၈၄ ဦးနှင့် သမိုင်းဘာသာရပ် ၉ ဦး စုစုပေါင်း ၂၉၃ ဦးဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုသူအားဖြင့် စာရင်းရှိ ၃၂၅ ဦး၌ ပျက်ကွက်သူ ၃၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)