ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလ၌ ခရီးသွားပြည်သူ (၁၀၀၀)ကျော် နေ့စဉ်လာရောက်ရေကစား
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိရာ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားပြည်သူ (၁၀၀၀)ကျော် နေ့စဉ်လာရောက် အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။