ကရင်ပြည်နယ်

မြန်မာ - ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတားမှ  ခရီးသွားပြည်သူများ အေးချမ်းစွာ သွားလာလျက်ရှိ

ကရင်ပြည်နယ်၊ မြတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်နေ့၌  မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ မြန်မာ-ထိုင်း အမှတ်-၁ ချစ်ကြည်ရေးတံတားအား ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက် နေ့မှ ခေတ္တပိတ်ထားခဲ့ပြီး ထိုဖြစ်စဉ်များကြောင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ  MOU ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နေသော လုပ်သားများ U-trun ဖြင့် ဆောင်ရွက်ပေးနေရသော လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့၍ ယာဉ်များ၊ ခရီးသွား​​ပြည်သူများအား ပုံမှန်သွားလာခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ကွမ်းသီးဈေးနှုန်း ကျဆင်းနေ၍ ဒေသခံကွမ်းသီးခြံပိုင်ရှင်များ ဈေးနှုန်းပြန်လည်မြင့်တက်ရန် မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ ဖာလာ၊ ကော်ဖီ၊ တညင်း၊ ရော်ဘာ စသော နှစ်ရှည်ပင်များကို အဓိက အားထားစိုက်ပျိုးကြရာ နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များ ဈေးနှုန်းကျဆင်းနေ၍ ကွမ်းသီးခြံပိုင်ရှင်များ ကွမ်းသီးဈေးနှုန်းပြန်လည်မြင့်တက်ရန် မျှော်လင့်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်‌ရှောက်မှုများ ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဉီးများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီးဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း သိရသည်။

ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့်  တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်အကြောင်းအမျိုးမျိုးကြောင့်  မူလတန်းပညာကိုပြီးဆုံးအောင်မသင်ကြားနိုင်သည့် သူများလူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍  အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို  ဧပြီလ(၈)ရက်နေ့မှစပြီး  သင်ကြားပေးလျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် ဇရစ်ရိုးများလိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ် ၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုသောနွေရာသီအချိန်တွင်အလုပ်အကိုင်များရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဉယျာဉ်ခြံအတွင်းရှိချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျှောက်နှင့်လယ်ကွက်များတွင် သဘာဝအတိုင်းပေါက်‌ရောက်သည့်  ဇရစ်ရိုးများကို  လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ ဦးဆောင်၍ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာတန်ဖိုးထားတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ဧပြီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် လူငယ်ရက်တို သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

နွေရာသီရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာများထောက်ပံ့

နွေရာသီနေ့အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအချို့တွင် ရေရှားပါးလာပြီး သောက်ရေ၊ သုံးရေအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့လာရသဖြင့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာ၌ သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ပိုင်ကျုံမြို့၌ ဒေသထွက်တညင်းသီးစပေါ်ချိန်၌ စျေးကောင်းရရှိသော်လည်း အသီးထွက်နှုန်းနည်းပါး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့်အပြင် ဉယျာဉ်ခြံလုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ကိုင်ကြသည်။ မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့်အိမ်ခြံဝန်းတွင် နှစ်ရှည်သစ်ပင်စားပင်များဖြစ်သည့် အုန်း၊ ပိန္နဲ၊ ဒူးရင်းနှင့် တညင်းအပင်များလည်း စိုက်ပျိုးကြသည်။

လိပ်သိုဒေသထွက် မရမ်းသီးခြောက်များ ဈေးကောင်းရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချရာ ဈေးကောင်းရလျက် ရှိနေကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်