သံတောင်ကြီးမြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေး

သံတောင်ကြီး ဧပြီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့်  တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်အကြောင်းအမျိုးမျိုးကြောင့်  မူလတန်းပညာကိုပြီးဆုံးအောင်မသင်ကြားနိုင်သည့် သူများလူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ(၈)ရက်နေ့မှစပြီး သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ရှင်ဂျော့ဂျက်အသင်းတော်ခန်းမရှိ စာသင်ဝိုင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးသန်းထွန်းဌေးတို့က အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းရှိသင်တန်းသူ/သင်တန်းသားများနှင့် သင်တန်းနည်းပြများ၏ လိုအပ်ချက်များ   အခက်အခဲများအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ