ပိုင်ကျုံ ဧပြီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့်အပြင် ဉယျာဉ်ခြံလုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ကိုင်ကြသည်။ မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့်အိမ်ခြံဝန်းတွင် နှစ်ရှည်သစ်ပင်စားပင်များဖြစ်သည့် အုန်း၊ ပိန္နဲ၊ ဒူးရင်းနှင့် တညင်းအပင်များလည်း စိုက်ပျိုးကြသည်။
"ဒီနှစ် တညင်းသီး စပေါ်တဲ့အချိန်မှာ တစ်တင်းလျှင် ၃၅၀၀၀ ကျပ်ထိ ရောင်းချရရှိသော်လည်း တညင်းပွင့်သည့် အချိန်မှာ ရာသီဥတုမကောင်းတဲ့အတွက် အသီးတင်နည်းခြင်းကြောင့် စျေးကောင်းရရှိသော်လည်း မိသားစုဝင်ငွေ ထင်သလောက်မရရှိကြောင်း တညင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ယခုနှစ်တွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေါနတောင်ခြေတစ်လျှောက် သဘာဝအလျောက်ပေါက်သည့် တညင်းပင်များမှာလည်း အသီးတင်နည်းကြောင်း ဒေသခံ ပြည်သူတစ်ဦးထံမှ သိရသည်။ လာမယ့်နှစ်မှာ တညင်းသီး စျေးကောင်းရရန် မျှော်လင့်ကြောင်း တညင်းစိုက်တောင်သူ များ ထံမှသိရသည်။
ပိုင်ကျုံမြို့နယ်တွင် တညင်းသီးအပင်များ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသနေပြည်သူများအနေဖြင့် မိမိနေအိမ်ခြံဝန်း၌သော်လည်းကောင်း၊ ဉယျာဉ်ခြံမြေများ၌သော်လည်းကောင်း နှစ်စဉ်ဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည် ။
နော်ခူး(ပြန်/ဆက်)