ကော့ကရိတ်မြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၆/၂၀၂၄) ကျင်းပ

ကေ့ာကရိတ် မေ ၂၂

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၆/၂၀၂၄)အစည်းအဝေးကို မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်​ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက ​ဆောင်ရွက်​နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ဆေးရုံဖွင့်လှစ်ထားရှိမှု၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပေါ်ကျောင်းတိုက် ကျောင်းဆောင်အမိုးများ ပြင်ဆင်မှု၊ ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများဓာတ်တိုင်များ ရှင်းလင်းသွယ်တန်းမှု၊ စားသောက်ကုန်ပစ္စည်းများရောင်းချမှု၊ ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုများ စာရင်းကောက်ယူမှု၊ ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ပေးအပ်မှုနှင့် ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာမည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ဇိနသုခလောကသရဖူစေတီတော်ဝန်းအတွင်း၌ ယင်လုံအိမ်သာသန့်စင်ခန်း ဆောက်လုပ်‌နေမှုအခြေအနေတို့ကို နယ်​မြေခံတပ်မ​​တော်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ​နေ့စဥ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)