လိပ်သို မေ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ မူးယစ်ဆေးဝါး၏အန္တရာယ်နှင့်ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိလာပုံ၊ စွဲစေတတ်သောဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးအဓိကအုပ်စုကြီး(၃)စု၊ မူးယစ်ဆေးဝါး၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့်အသိပညာပေးအကြောင်းအရာများ ပါရှိပြီး ဒေသနေပြည်သူများက နံရံကပ်စာစောင် ပြသဆောင်ရွက ထားရှိမှုကို ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် အသိပညာပေး Talk Show အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
ခင်လေးနွယ် (လိပ်သို)