သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများ ပြုလုပ်

သံတောင်ကြီး မေ  ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က  ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းနေအရွယ်ကလေးသူငယ်များ တိုင်းရင်းသားဘာသာ စကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာ ရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၈)ဦး၊ စာဖတ် စွမ်းရည်ပြိုင်ပွဲတွင်ကျောင်းသူ/ကျောင်းသား (၉)ဦး၊ စကောကရင်ပုံပြင် ပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၈) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ