ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နည်းပညာတက္ကသိုလ်(ဘားအံ)၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိစံက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးနှင့်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို လက်တွေ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးတို့ တက်ရောက်ခဲ့၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)