ရှမ်းရွာသစ် ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရန်အတွက် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ပြင်းထန်ဝမ်းပျက်လျှောရောဂါလက္ခဏာများ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ မဖြစ်ပွားအောင် ကြိုတင်လိုက်နာရမည့်အချက်များ၊ တစ်ကိုယ်ရေသန့် ရှင်းရေးဆိုင်ရာ သိကောင်းစရာများကို စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသိ ပညာပေးနံရံကပ်စာစောင်များနှင့်ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူ(၂၇)ဦးတို့က စိတ်ဝင်စားစွာကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)