သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း ၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က Community Centre ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် အာဇာနည်နေ့သမိုင်းအကြောင်းအရာများကို သိရှိစေရန် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ပန်းချီပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသား (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ