သံတောင်ကြီး ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်တင်စေရန်၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ မှတ်တမ်းပုံနှင့် အတ္ထုပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးစားမှုမှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ စသည့် အကြောင်းအရာများ ပြသဆောင်ရွက်ရာ ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ