ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာ ဒေါနအလင်း စာကြည့်တိုက်ဖွင့်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် စာကြည့်တိုက်ပေါင်း ၅ တိုက်ကို ဆောက်လုပ်ဖွင့်လှစ်သွားမည်ဖြစ်ရာ စတုတ္ထမြောက်စာကြည့်တိုက်ဖြစ်သည့် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ကြက်တူရွေးကျေးရွာတွင် ဒေါနအလင်းစာကြည့်တိုက်ကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။