ကရင်ပြည်နယ်

ကော့ကရိတ်မြို့၌ လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးရှိ မြို့မဈေးနာရီစင်ရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရေးအတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ယမန်‌နေ့နံနက်ပိုင်းက အထက်တန်းအဆင့် ကျောင်းသား‌၊ ကျောင်းသူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ဆန်ရိက္ခာများ ထောက်ပံ့

ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်မှုအားနည်းသည့်အတွက် တည်ငြိမ်အေးချမ်းရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့်ဘာသာရေး အဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အဆိုပါယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား Asean Plus Three Emergency Rice Reserve(APTERR) အစီအစဉ်ဖြင့်လှူဒါန်းသော ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးလုပ်ငန်းသုံး ဝါးအုပ်ဆောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေ ပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြု၍ရသော ဝါးအုပ်ဆောင်းများ တစ်ပိုင်တစ်နိုင် ရက်လုပ် ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ မိုးရာသီကာလ၌ ဈေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောင်သူများသည် နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများကို တွဲဖက်စိုက်ပျိုးကြပြီး ကွမ်းကြမ်းများမှာ နွေရာသီကာလတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီ၌ ဈေးနှုန်းဆင်းလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  မြို့နယ်ပညာရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သံတောင်ကြီးမြို့နယ်ရှိ ဆရာ၊ ဆရာမများနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား Mpox (မျောက်ကျောက်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က ကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်ကျရောက်မည့် “ နိုင်ငံတကာစာတတ်မြောက်ရေးနေ့”အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ   ၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်