၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်လှစ်

ဘားအံ  စက်တင်ဘာ ၄

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဘားအံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအတွင်းရေးမှူး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က သင်တန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းတွင် ခရိုင် ၊မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ နည်းပြ ၃ ဦး၊ သင်တန်းသား၊ ကျောင်းသူ (၃၃)ဦး တက်ရောက်ခဲ့ကြပြီး ဘားအံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘားအံတက္ကသိုလ်သမိုင်းဆောင်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နည်းပြသင်တန်းပို့ချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)