လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ မိုးရာသီကာလ၌ ဈေးနှုန်းကျဆင်း

လိပ်သို စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောင်သူများသည် နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများကို တွဲဖက်စိုက်ပျိုးကြပြီး ကွမ်းကြမ်းများမှာ နွေရာသီကာလတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီ၌ ဈေးနှုန်းဆင်းလျက်ရှိကြောင်း သိရသည်။

တောင်ပေါ်ကွမ်းကြမ်းများမှာ နွေရာသီကာလ၌ အထုပ်(၄၀)ပါအချိန် (၁၀)လျှင် (၄၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး မိုးရာသီကာလတွင် (2၅၀၀ဝိ/-) ကျပ်မှ (3၀၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိကြောင်း သိရသည်။

ကွမ်းပွဲစားများက တောင်ပေါ်ကွမ်းကြမ်းများကို အရွက်ခြွေပြီးသော အထုပ်ဖြင့် သော်လည်းကောင်း၊ အရွက်မခြွေရသေးသော ကိုင်းစည်းဖြင့်သော်လည်းကောင်း ဝယ်ယူကြပြီး တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ပြန်လည်ရောင်းချကြကြောင်း ကွမ်းကြမ်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)