ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ချဉ်ပေါင်ဖာလာခူးဆွတ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဖာလာစိုပ်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အများအားဖြင့် ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကလုပ်ကိုင်ကြပြီး ယခုလပထမပတ်တွင် ဒေသခံပြည်သူများသည် ဖာလာဆွတ်ခူးခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ ဒေသဝက် တစ်နိုင်တစ်ပိုင် မွေးမြူ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူထားကြကြောင်း သိရသည်။

ဘားအံခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နည်းပြသင်တန်းဖွင့်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများချမှတ်နိုင်ရေး၊ အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဘားအံခရိုင်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံခရိုင် နည်းပြသင်တန်းကို ဖွင့်လှစ်သည်။

မြဝတီမြို့တွင် Mpox (မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအနေဖြင့် Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၁နာရီက အမှတ်(၄)ရပ်ကွက်၊ Vantage Hotel ခန်းမဆောင်၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) ခု တည်ဆောက်ဖွင့်လှစ်သွားမည်

ကရင်ပြည်နယ်အတွင်း ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ပေါင်း (၃၃) ခုရှိပြီး ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) ခုကို တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ လှာကမြင်ကွက်သစ်၌ ကျင်းပသည့် အလင်းတိုက်စာကြည့်တိုက်သစ်ဖွင့်ပွဲမှ သိရသည်။

မြဝတီမြို့ အ.ထ.ကခွဲ(၁)၌  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့က အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသော “သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ဆေးပညာ၏ကဏ္ဍ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီ အချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်