ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင် စက်တင်ဘာ လ(၁၈)ရက်နေ့က သံလွင်မြစ်ရေမြင့်တက်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးများအတွက် ဆွမ်းဆန်အိတ်များ ဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း​သော ဆွမ်းဆန်အိတ်များကို ​ကေ့ာကရိတ်မြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ပင့်ကျောင်းသံဃာတော်များ၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ်ဘို) နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာဉ်၊ယန္တရားများ အသုံးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းနှင့် အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

မြဝတီမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားပြီး  ပြင်ပစာပေဗဟုသုတကြွယ်ဝစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဝါးတော) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောသည်။

ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး အသိပညာပေးဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့၌ သဘာဝပတ်ဝန်းထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်