ဘားအံမြို့၌ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ဘားအံ  စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင် စက်တင်ဘာ လ(၁၈)ရက်နေ့က သံလွင်မြစ်ရေမြင့်တက်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင်  သံလွင်မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်()လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်()သိန်း၊ လူဦးရေ အသက်(၁၈)နှစ်အထက် ကျား()ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ်(၂၁၀၀) စုစုပေါင်း ငွေကျပ် (၁၀၂၁၀၀)အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စုတစ်စုစာတန်ဖိုး ငွေကျပ် (၁၀၇၆၇၈)အားလည်းကောင်း  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)