ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးများအတွက် ဆွမ်းဆန်အိတ်များ ဆက်ကပ်လှူဒါန်း

ကော့ကရိတ် စက်တင်ဘာ ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း​သော ဆွမ်းဆန်အိတ်များကို ​ကေ့ာကရိတ်မြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ပင့်ကျောင်းသံဃာတော်များ၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်​တော်မူကြ​‌သော ဆရာ​တော်၊ သံဃာ​တော်များ ဆွမ်းကွမ်း ခက်ခဲပင်ပန်းမှု မရှိ​စေ​ရေးအတွက် ကော့ကရိတ်မြို့ပေါ် ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်းမှ ဘုန်းတော်ကြီး ကျောင်းများ၊ ဝါတွင်းကာလဥပုသ်သီတင်းဆောက်တည်ကြသော ရဟန်းသံဃာတော်များ ဆွမ်းဝေယျာဝစ္စ လွယ်ကူအဆင်ပြေနိုင်စေရေးအတွက် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းလျှင် ၄၀ ကီလိုဂရမ် ဆန်အိတ် (၂) အိတ်နှုန်းဖြင့်၊ ဘုန်းတော်ကြီး (၁၃)​ကျောင်းတို့အတွက် စုစုပေါင်း ဆန်အိတ် (၂၆) အိတ်အား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)