ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေးက လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)