(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်၊ တောင်သူများအား ဆီထွက်နေကြာမျိုးစေ့၊ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များထောက်ပံ့
(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောက်ချောလမ်းသစ်များမုခ်ဦးတည်နေရာ၌ ကျင်းပသည်။