ကရင်ပြည်နယ်

မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ကရင်ပြည်နယ်ကိုယ်စားပြုအောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များသည် အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍   လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများ စီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ရှိ  ရော်ဘာစိုက်တောင်သူများ မိုးရာသီကုန်ဆုံးချိန်၌  ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ခြံလုပ်ငန်း များဖြစ်သည့် ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်  (၅)ရက်တိုင်တိုင်  ရွတ်ဖတ်ပူဇော်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့၏  ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်   ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုကိုရရှိကာ ဘေးရန်အသွယ်သွယ်မှ လွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီး   မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပခဲ့သည်။

မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်မည်

ဒေသတွင်း နေ့စဉ်စားသုံးလျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို စွမ်းအားပြည့်လုပ်ကိုင်ထုတ်လုပ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံ၌ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် ပညာရေးဘွဲ့ B.Ed(၄/၂၃)ဒုတိယနှစ် (စာပေးစာယူ)သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(၁၃၆၁)ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် (၇၇)ကြိမ်မြောက် သူငယ်တန်း(KG)အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်