ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲကျင်းပ၊ စောစံဖိုးသင် ကွန်ကရစ်လမ်းသစ်ဖွင့်၊ ပြည်နယ်အဆင့်ထူးချွန်ဆုချီးမြှင့်

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

မြဝတီမြို့ အ.ထ.ကခွဲ(၃)၌  ကျောင်းသားလူငယ်များ  စာပေဖတ်ရှုမှုအလေ့အကျင့်ကောင်း တိုးပွားရရှိ‌စေရေး လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ် မှန်ကန်စေရေးရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းခွဲခန်းမဆောင် ကျင်းပခဲ့သည်။

မြဝတီမြို့ အ.ထ.ကခွဲ(၃)၌  ကျောင်းသားလူငယ်များ  စာပေဖတ်ရှုမှုအလေ့အကျင့်ကောင်း တိုးပွားရရှိ‌စေရေး  လူငယ်စကားဝိုင်း  ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ် မှန်ကန်စေရေးရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမဆောင်၌ ကျင်းပသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးဂုဏ်(တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မြဝတီမြို့ အ.ထ.က(၃)၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အတွေးအခေါ်မှန်ကန်စေရေး လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အတွေးအခေါ်မှန်ကန်စေရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် (၁၄၀x၃၀)RCCနှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသ နေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကကြိုတင်လေ့ကျင့်ပြင်ဆင်နေကြသည့် ဒုံးအဖွဲ့များမှတာဝန်ရှိသူများ၏ စကားသံများ

ကျွန်မကတော့ နော်ကြူကြူသန်းဖြစ်ပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲအထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒုံးပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူ လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒုံးအကပြိုင်ပွဲ (၁၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုံးတစ်ဖွဲ့လျှင် ငွေကျပ်သိန်း(၁၀၀)၊ ဆန်(၁၀)အိတ်၊ ဆီ (၂၀) ပိဿာ ထောက်ပံ့ပေးပါတယ်။ ပြိုင်ပွဲမကျင်းပမီ ဒုံးအဖွဲ့တွေကို စုဆောင်း ရပါတယ်။ စုဆောင်းပြီးရင် ပြိုင်ပွဲကျင်းပနိုင်ဖို့အတွက် ပွဲစဉ်ဇယားများရေးဆွဲပြီး အစည်းအဝေးကို (၂)ကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲစဉ်ဇယားတွေကိုတော့ နိုင်ဝင်ဘာလ(၅)ရက်ကနေ့ (၁၀)ရက် နေ့ထိပြိုင်ဖို့ ပွဲစဉ်ဇယားများဆွဲပေးရပါတယ်။ ဒုံးအကပြိုင်ပွဲမှာ ဘက်ဆုံထူးချွန်ဆုလည်း လျာထားပါတယ်။ ဒုံးအကဘက်ဆုံဆုရယ်၊ တေးသီချင်းဆုရယ်၊ ဆုတောင်းတေးဆုရယ် ဆုများချီးမြှင့်ဖို့ လျာထားပါတယ်။ ပြိုင်ပွဲဝင်အားလုံးကို အထူးဆုများပေးသွားမှာဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်တွေကို ရိုးရာအကတွေ လက်ဆင့်ကမ်းပေးနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဒုံးအကပြိုင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။ ဒါမှလည်း ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တဲ့ ကရင်ရိုးရာ ဒုံးအကကို ဆက်လက်ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ဒီလိုအကပြိုင်ပွဲတွေ ကျင်းပတဲ့အခါ အတီးပညာပိုင်းဆိုင်ရာတွေလည်း ပါလာပါတယ်။ ဒုံးအကတွေမှာ တူရိယာ(၈)မျိုးနဲ့ တီးရပါတယ်။ ဒါကလည်းဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ လူငယ်တွေကို လက်ဆင့်ကမ်း နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
Subscribe to ကရင်ပြည်နယ်