ဘားအံမြို့၌ မီးလောင်ကျွမ်းမှု Hotspots အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေး

ဘားအံ  မတ် ၁၁

ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက်များနေခြင်းအားလျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းအဖွဲ့ဝင်များက မတ်၁၀ရက် နံနက်ပိုင်း၌ မိဇံတိုက်နယ်အတွင်း ပေါ့ထော်ကျေးရွာ၊ မိဇံကျေးရွာနှင့် စံဖရီးကျေးရွာများသို့  အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မီးသတ်ဦးစီးဌာန သစ်တောဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဘေးအန္တာရယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ လယ်ယာရိုးပြတ်တောများမီးရှို့မှုမရှိစေရေး၊ တောင်ယာခုတ်ထွင်မီးရှို့ခြင်းများမရှိစေရေး၊ တောမီးနှင့်အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှု Hotspots အရေအတွက်လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေး မမြင်နိုင်သော လူသတ်သမား ဗီဒီယိုအားပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးလောင်ကျွမ်းခဲ့သည့်နေရာများသို့ ဒေသခံများနှင့်အတူ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)