ကန့်ဘလူ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့ပေါ်ရပ်ကွက်များမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မတ် ၁ ရက်နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၂)နှစ် အောက်ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ဘီစီဂျီ၊ အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင် ၊ပြင်းထန်အဆုတ်ရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးပြီး၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)