Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံခရိုင် Community Centre တွင် နွေရာသီ သင်တန်းများ အခမဲ့ ဖွင့်လှစ်
Mar 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Mar 01,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၁၀)မှအုပ်စုရှိရာမှ (၁၀၇)အုပ်စုမှ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းသော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတို့အား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ပထမအကြိမ်) လုပ်…
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတို့အား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစိစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ အဝေးသင်သင်တန်း ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ
Mar 01,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အဝေးသင်သင်တန်း ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီလ ၂၉ရက် မွန်းလွဲပိုင်းအချိန်က ဆက်လက်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ အသောကာရာမ မကျီးကျောင်းတိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကျင်းပ
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အသောကာရာမ မကျီးကျောင်းတိုက် သီရိမင်္ဂလာဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဘဝနတ် ထံစံမြန်းတော်မူပြီး ကျေးဇူးတော်ရှင်ဆရာတော်ကြီး (၂)ပါးအား ကျေးဇူးဆပ်အထိမ်းအမှတ် အနေဖြင့် (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ်(၈) ရပ်ကွက်ဓမ္မာရုံနှင့် အမှတ်(၁၂)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွား များတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနားလည်စေရန်အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအသိပညာပေးဆွေးနွေးပွဲကို မတ် ၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9532
Page
9533
Page
9534
Page
9535
Current page
9536
Page
9537
Page
9538
Page
9539
Page
9540
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department