မိုင်းခတ် မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းညှိုနှိုင်းအစည်းအဝေးနှင့် လေပြင်းဘေးစီမံချက်ဆောင်ရွက်ရန် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်မှ အဖွင့်အမှာစကားပြောကြားရာ နွေရာသီတွင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် လေပြင်းမုန်တိုင်းများအား ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာနိုင်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး၊ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းတို့က ယခင်နှစ်များတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် လေပြင်းမုန်တိုင်းတိုက်ခတ်မှုနှင့် မီးလောင်မှုဖြစ်စဉ်များ၊ သစ်ပင်ဝါးပင်များ ခုတ်ထွင်ရှင်းလင်းမီးရှို့ခြင်းမပြုလုပ်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုများအကြောင်း ရှင်းလင်းဆွေးနွေးပြီး လေပြင်းဘေးစီမံချက်ဆောင်ရွက်မည့် ကျေးရွာများသို့ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျိုင်းတုံခရိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်၊ ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း၊ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)