အလုံ မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီခွဲက အလုံမြို့နယ် အင်ဒိုနီးရှားကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု DT ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိ၊ ဦးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ဒေါ်မိုးသီတာဦး၊ ဒေါ်မိုးမိုးအောင်(သူနာပြု)၊ ဒေါ်သက်နွယ်လင်း (သားဖွားဆရာမ) တို့မှ ၅ နှစ်ပြည့် ပြည့်ပြီး ၇ နှစ် မကျော်သော ကျောင်းသား/ကျောင်းသူများ ၂၉ ဦးတိုအား ဆုံစို့၊ မေးခိုင်စသည့် ကျောင်းအခြေပြု DT ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို(ပြန်/ဆက်)