စဉ့်ကိုင်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

စဉ့်ကိုင် မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ အသက်တစ်နှစ်ခွဲအောက်  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် (၉)နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်  ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက  အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ (ရိုတာ) ပိုလီယိုပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကာကွယ်ဆေးများကို အသက် အရွယ်၊  အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ် (၇၂)ဦးနှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် မိခင်(၂၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)