လှည်းကူးမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုဘင်ခရာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လှည်းကူး မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုဘင်ခရာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ပညာရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘင်ခရာသင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်( ၂)ဦးခင်ဇော်က သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အလှူရှင်မှထောက်ပံ့ငွေကျပ်သိန်း(၃၀)ကို ပေးအပ်သည်။

အဆိုပါသင်တန်းကို မတ်လ(၅)ရက်နေ့မှ မေလ(၁၀)ရက်နေ့အထိ ရက်သတ္တပတ်(၉)ပတ်ကြာ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတွင် ကျောင်းသား/သူ(၆၀)ဦးကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဦးညွန့်ခင်(ဌာနစိတ်မှူး)က ဘင်ခရာဘာသာရပ်ကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့