မင်းတုန်းမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မင်းတုန်း မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ် (၂) ရပ်ကွက် မူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ခုနှစ်၊ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်း (၂) ဦးနှင့် ပညာရေးဝန်ထမ်း (၂) ဦးတို့မှ ဦးဆောင်ဆွေးနွေးပြီး ဆရာ၊ဆရာမ (၂၆၃)ဦး တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းကျန်းမာရေးစစ်ဆေးရာ၌ ကျန်းမာရေးဝန်မှ ဆောက်ရွက်ရမည့် တာဝန်များနှင့် ပညာရေးဝန်ထမ်းမှ ဆောင်ရွက်ရမည့် တာဝန်များဆွေးနွေးခြင်း၊ ကျောက်းသား၊ ကျောင်းသူများအားရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း၊ ရာဇဝင်မေးမြန်းခြင်း၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှုစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးတွေ့ရှိချက်များ ဖြည့်သွင်းခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေစစ်ဆေးခြင်းနှင့် ထိုသို့စစ်ဆေးရာတွင် BMI တွက်ချက်မှု လက်တွေ့ဆောင်ရွက်ခြင်းတို့ ဆွေးနွေးကြကြောင်း သိရသည်။

ချင်းကလေး(N.R.D.C)