မုံရွာ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက မီးခိုးမြူငွေ့ကင်စင်ရေး၊ Fire point လျော့ကျရေးတို့အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဥ်းပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ဆောင်ရွက်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် သိလိုသည့်အကြောင်းအရာများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)