ခန္တီး မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ နားမေတ္တာရပ်၊ တပ်ဉီးနန္ဒဝန် ကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူတော် ရှစ်မျက်နှာဆုတောင်းပြည့်စေတီတော်မြတ် (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်နှင့် အရာရှိစစ်သည်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဘုရားအပါအဝင် ပင့်သံဃာနှင့် သီလရှင်စုစုပေါင်း(၇၀)ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)