အမရပူရ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန(၂)ခုတို့၌ ကျောင်းသား/သူ(၄၅၈)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၂)ခုတို့၌ စာရင်းရှိကျောင်းသား (၁၉၂)ဦး၊ ကျောင်းသူ (၂၇၉)ဦး စုစုပေါင်း(၄၇၁) ဦးရှိရာ၊ ဝင်ရောက်ဖြေဆိုသူ အ.ထ.က(၁)၊ အမရပူရစာစစ်ဌာနတွင် ကျောင်းသား (၁၁၉) ဦး၊ ကျောင်းသူ (၁၆၂)ဦး၊ ပေါင်း (၂၈၁) ဦး၊ အ.ထ.ကယန္တယားစာစစ်ဌာနတွင် ကျောင်းသား (၆၃)ဦး၊ ကျောင်းသူ(၁၁၄)ဦး၊ ပေါင်း(၁၇၇)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၇.၂၄ ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)