မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ နေ့ဆွမ်းနှင့် အာဟာရဆွမ်းအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း

မိုင်းယောင်း မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆရာတော်၊ သံဃာတော်များ၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသူများကို နေ့ဆွမ်း/နေ့လယ်စာနှင့် အာဟာရဆွမ်း/အာဟာရအစာများအတွက် အလှူငွေကျပ်(၃)သိန်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသူ(၁၀၀)ဦးကို နေ့ဆွမ်း/နေ့လယ်စာနှင့် အာဟာရဆွမ်း/အာဟာရအစာများအတွက် အလှူငွေကျပ်(၃)သိန်းအား ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်းဆရာတော် ဦးဓမ္မဓရထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)