မိုင်းခတ်၌ လူငယ်‌နှင့် အားကစားဆိုင်ရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းခတ် မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အားကစားဆိုင်ရာ အသိပညာဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦး‌ကျော်‌ဌေးက နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်သည့်အားကစားနည်းသင်တန်းများကို တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအား လူငယ်နှင့်အားကစား‌ဆိုင်ရာ သိကောင်းစရာများနှင့် အခြေခံအားကစားနည်းများအကြောင်း ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလဖွံ့ဖြိုးရေးအကြောင်း အသိပညာ‌ပေးဟောပြောသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦး‌ကျော်‌ဌေးက အားကစားနည်းအလိုက် သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများအား အားကစားဝတ်စုံနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)