Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားမှုရှိနေကြောင်း သိရသည်။ ဖြူးချောင်းဆည်သည် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး (၁၁၅)မိုင် အနောက်ဘက် (၅)မိုင် အကွာအဝေးတွင်တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များနှင့် သင်္ကြန်ကာလအတွင်း ရေချိူးခြင်း၊ ရေကစားခြင်းအပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ၌ မဟာသင်္ကြန်အကြတ်နေ့ဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား
Apr 15,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ စန္ဒာရာမိကဓမ္မကထိက ဘုန်းတော်ကြီးကျောင်း၌ မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၈) နာရီအချိန်တွင် ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ တက်ရောက်ချီးမြှင့်ပေး
Apr 15,2024
၁၃၈၅ ခု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၉)နာရီက ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 15,2024
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ
Apr 15,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ပြည်သူများအား နေ့စဥ်ရေဂါလံ (၄၅၀၀၀) ခန့် သွားရောက်လှူဒါန်းပေးလျက်ရှိ
Apr 15,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှုမရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ
Apr 15,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင် ဟိုပုံးမြို့၌ သင်္ကြန်အကြတ်နေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေး
Apr 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့၏ နှစ်သစ်မင်္ဂလာအခါသမယဖြစ်သော သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံလည်ပတ်သူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9174
Page
9175
Page
9176
Page
9177
Current page
9178
Page
9179
Page
9180
Page
9181
Page
9182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department