မိုင်းယောင်းမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း ဧပြီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာ၌ ၁၃၈၅ ခုနှစ် မိုင်းယောင်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ ယမန်နေ့ညနေ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းတို့က နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားကြပြီး ယိမ်းအဖွဲ့များကမန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကာ သင်္ကြန်ရေများ ပက်ဖျန်းခဲ့ကြသည်။

အဆိုပါ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်နေ့မှစတင်၍ ဧပြီ ၁၆ ရက်အထိ နေ့စဉ် နံနက် နာရီမှ ညနေ နာရီအထိ တပ်နယ်တပ်ရင်းတို့မှ ယိမ်းအကအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအကအဖွဲ့များ၊ ဖြူစင်-မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုအသင်းနှင့် ခိုကဲကျေးရွာတို့မှ ယိမ်းအကအဖွဲ့ လှပျိုဖြူလေးများက Aungkham Music အဖွဲ့နှင့်တွဲဖက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးဧည့်ခံမှုများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်