အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က)ကျောင်း၌ ပြုလုပ်သည်။
Jul 15,2025
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jul 15,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို လက်ပံကုန်းကျေးရွာ အ.လ.က လက်ပံကုန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှကြီးမှူးဖွင့်လှစ်သည့် သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်ရရှိရေးအတွက် ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အ.ထ.က (၁)၊ စန္ဒိမာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။