ကျွန်းလှ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်ရရှိရေးအတွက် ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။
“ဒီနှစ်မိုးရာသီမှာ မိုးစပါး မျိုးစေ့ထုတ်ရန်အတွက် ဧရာမင်းစပါးမျိုးကို သုံးဧကစိုက်ပျိုးပါတယ်။ စိုက်ပျိုးရာမှာ သိပ္ပံစိုက်ကျစိုက်နည်းစနစ်ကိုလိုက်နာပြီး ကြိုတန်းခြောက်တန်းတစ်တန်းလှပ် စိုက်ပျိုးပါတယ်။ စိုက်နည်းစနစ်မှန်ကန်ဖို့အတွက် စိုက်ပျိုးရေးပညာရှင်များက စိုက်ခင်းအထိ လာရောက်ပညာပေးပြသပါတယ်။ ထွက်ရှိတဲ့စပါးမျိုးများကို ဒေသခံတောင်သူများအား နှစ်စဉ် ပြန်လည်ဖြန့်ဖြူးပေးပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူတစ်ဦးက ပြေသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်း၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများ သင်တန်းပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက် ရှိသည်။
ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်း ဧရာမင်းစပါးမျိုးကို အဓိကစိုက်ပျိုးကြပြီး ရွှေသွယ်ရင်၊ မနောသုခ၊ ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို